တရုတ်၊မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ပူးပေါင်းဖြိုခွင်းမှုအပြီး မြန်မာနိုင်ငံ မြဝတီမြို့မှ တရုတ်နိုင်ငံသို့ ဆက်သွယ်ရေးလိ-မ်လ-ည်မှုဖြင့် သံသယရှိသူစုစုပေါင်း ၂,၈၇၆ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးစင်းလုံးငှားလေယာဉ်များဖြင့် သံသယရှိသူ ၂,၂၅၅ ဦးကို တရုတ်ရဲများ၏ အစောင့်အကြပ်ဖြင့် တရုတ်နိုင်ငံသို့ မကြာသေးမီကပြန်ပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။နိုင်ငံတကာတရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ထိထိရောက်ရောက်မြှင့်တင်ရန်နှင့် တရုတ်နိုင်ငံသားများ၏လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများကိုကာကွယ်ရန်အတွက် တယ်လီကွန်းလိ-မ်လ-ည်မှု နှိမ်နင်းရေးကို ပြင်းထန်စွာအရှိန်မြှင့်မည်ဟုလည်း ဝန်ကြီးဌာနကကတိပြုခဲ့သည်။



