၁၅.၃.၂၀၂၅ ရက်နေ့ ၁၉ : ၅၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းဘေးတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စည်ပင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွါငြှိမ်းသတ်လျက်ရှိပြီး၂၀ :၁၇အချိန်မီးထိန်းနိုင်ကာ၂၀ :၂၃အချိန်မီးငြိမ်းသွားကြောင်း သိရပါသည်။



