မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ (၁၇.၆၃၆)ဧက မြေဧရိယာပေါ်တွင် အိမ်ရာမြေကွက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု အဆိုပြုလွှာ ခေါ်ယူနေကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။အဆိုပြုလွှာများကို မတ်လ ၁၀) ရက်မှ ဧပြီလ ၃ ရက်နေ့အထိ ရုံးချိန်အတွင်း မော်လမြိုင်မြို့၊ မောင်ငံရပ်၊ ကျိုက္ခမီလမ်း၊ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဝယ်ယူနိုင်ပြီး လျှောက်လွှာများကို ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။



