ယနေ့ နံနက်က ဘန်ကောက်တွင်ဆောက်လက်စ မိုးပျံအမြန်လမ်းတံတား ပြိုကျရာတွင် သေဆုံးသည့်အလုပ်သမား ၇ ဦးထဲ မြန်မာအလုပ်သမား ၂ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်ဆောင် (၂)၊ လမ်းသွယ် ၁၇ တွင် ယနေ့ မတ်လ ၁၅ ရက် နံနက် ၁ နာရီ ၄၈ မိနစ်ခန့်က ဆောက်လက်စ မိုးပျံတံတား (Dao Khanong Expressway တံတား) ပြိုကျ၍ အလုပ်သမား ၇ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ကနဦးသတင်းများကို ဒေသတွင်း သတင်းများအရ MT News တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။



