back

မြန်မာ့ရိုးရာသင်္ကြန်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ရေကစားမဏ္ဍပ် ကြိုတင်ပြင်ဆင်နေ

Mar 15 • 7:34 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာ့ရိုးရာသင်္ကြန်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ရေကစားမဏ္ဍပ် ကြိုတင်ပြင်ဆင်နေ

ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမအရှေ့မှာ ရေကစားမဏ္...

ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမအရှေ့မှာ ရေကစားမဏ္ဍပ် ကြိုတင်ပြင်ဆင် ဆောက်လုပ်နေပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ ယူနက်စကို (UNESCO)က မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။


news-view-count-icon

31