၁၅.၃.၂၀၂၅ ရက်ယနေ့၊ ၁၁ နာရီ၅၀မနစ် အချိန်ခန့်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဗုဒ္ဓရတနာ ဘုန်းတော်ကြီးအနီး တောမီးလောင်မှုဖြစ်ပွားခဲ့ရာ သတင်းရရှိသဖြင့် သုခသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ်(၁)စီးနှင့် ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၃ နာရီ၁၄ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါတယ်။



