back

စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမဝင်ကျွန်းသစ် ၀ ဒသမ ၆၆၈ တန်ဖမ်းမိခဲ့

Mar 15 • 2:23 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမဝင်ကျွန်းသစ် ၀ ဒသမ ၆၆၈ တန်ဖမ်းမိခဲ့

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်တွင် စစ်ကိ...

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၆၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၉,၀၆၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ မတ် ၁၄ ရက်တွင် ကလေးမြို့နယ် ပဲဝိုင်း စစ်ဆေးရေးဂိတ်အနီး၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၅၈၉,၀၆၄ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

25