မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်အတွင်း၌ စက်လှေတစ်စင်းပေါ်မှ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၂၂၀ တန်၊ သစ်မာ ၂ ဒသမ ၁၈၀ တန်၊ အခြားသစ် ၃ ဒသမ ၄၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၁၇,၃၄၁) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် စက်လှေတစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀) တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ ပုသိမ်မြို့အမှတ် (၁၅) ရပ်ကွက် မြတ်တိုမီးပွိုင့်အနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၀၀၀,၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၁၇,၃၄၁ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။
Mar 15 • 2:22 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 14 | 0 | 0 | 0 |


