မတ်လ ၁၂ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ် ၂၁ စီးအပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၆၂ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၂၉၈၀၃၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck ငါးစီး၊Nissan Diesel Truck နှစ်စီး၊ Hino Truck တစ်စီး၊ စက်မှုဇုန်ထုတ် Tun Hlaing Truck တစ်စီး၊ Nidi Truck တစ်စီး၊ Super Mandalar Truck တစ်စီး၊ Man Tractor Head သုံးစီး၊ Scania Tractor Head တစ်စီး၊ Volvo Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီး၊ Chenglong Tractor Head တစ်စီး၊ Mitsubishi Fuso Tractor Head တစ်စီး၊ Dong Feng Tractor Head တစ်စီး၊ Shacman Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ၁၀ တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၈၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀,၇၉၈၀,၃၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
ကရင်ပြည်နယ်တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၆၂ မျိုးဖမ်းမိခဲ့
Mar 15 • 2:25 AM
မြန်မာ
ကရင်
မျှဝေမည်
| 26 | 0 | 0 | 0 |


