ခရီးသွားဧည့်သည်ထင်ထားသလောက် ၀င်ရောက်မှုမရှိသေးတာကြောင့်၊ မန္တလေးမြို့က ဟိုတယ်/တည်းခိုခန်း အများစုဟာ၊ အချိန်ပိုင်း၀န်ဆောင်မှုနဲ့သာ၊ လုပ်ငန်းလည်ပတ်ရပ်တည်နေကြရတယ်လို့ လုပ်ငန်းရှင် အသိုက်အ၀န်းမှသိရသည်။ ဟိုတယ်အဆင့်အတန်းအလိုက်၊ တည်းခိုခန်းအဆင့်အတန်းအလိုက် အချိန်ပိုင်း၀န်ဆောင်မှု အပြိုင် အဆိုင်နှင့်လုပ်ကိုင်နေကြရတာလို့သိရပြီး၊ ဟိုတယ်/တည်းခိုခန်းအဆင့်အတန်းအလိုက်၊ အခန်းငှားခ ၃ နာရီကို ၁၅၀၀၀ ကျပ်ကနေ ၆၀၀၀၀ ကျပ်အထိ စျေးရှိတယ်လို့ အချိန်ပိုင်း၀န်ဆောင်မှုရယူခဲ့ဖူးသူတွေကဆိုသည်။နှစ်နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ် နှစ်လယ်တွင် တည်းခိုခန်းတွေ အပြိုင်အဆိုင်ဖွင့်လာပြီး၊ တစ်ဆက် တည်းပဲ ဟိုတယ်တွေ၊ မိုတယ်တွေ၊ Inn နဲ့အဆင့်မြင့်တည်းခိုခန်းတွေလည်း အပြိုင်အဆိုင်ဖွင့်လှစ်လုပ်ကိုင်လာကြသည်။



