MNL-2 သို့ တန်းတက်ရေးအတွက် MNL II Promotion Amateur Club Tournament 2025 အုပ်စု(က)ပွဲဦးထွက် ပွဲစဥ်များကို ယနေ့ မတ်လ (၁၄)ရက်၌ ယှဉ်ပြိုင်ကစားကြရာ W United အသင်းနှင့် Enjoy Brother အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဥ်၌ Enjoy Brother အသင်းက သွင်းဂိုး (၄)ဂိုးပြတ်သွင်းယူ၍ အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။အလားတူ ယနေ့ အုပ်စု(က) ပွဲဦးထွက် ပွဲစဉ်၌ Happy Frien dship FC နှင့် Young Boy FC တို့ ယှဉ်ပြိုင်ကစားရာ တစ်ဘက် (၁)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ၊ Zan United အ သင်းနှင့် Asia Lion အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင်လည်း Zan United အသင်းက (၃)ဂိုး (၁)ဂိုးဖြင့် အနိုင် ရရှိခဲ့ကြသည်။မနက်ဖြန် မတ်လ (၁၅) ရက် နံနက်ပိုင်းတွင် အုပ်စု(ခ)မှ မြဧရာအက်ဖ်စီနှင့် အင်းစိန်စီးတီးအက်ဖ်စီ၊ ညနေပိုင်းတွင် 10/Mon FC နှင့် TKG Hmawbi FC အသင်းတို့ ဗဟန်းမြ က်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲမှ ဗိုလ်လုပွဲရောက်နှစ်သင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသွားမည့် Myanmar National League II 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။



