ပြည်မြို့နယ်အတွင်းရှိ လျှပ်စစ်ဖြင့် စီးပွား/စက်မှူလုပ်ငန်းဆောင်ရွက်သူမိဘပြည်သူအပေါင်းတို့ခင်ဗျာ ၁၇.၃.၂၀၂၅ ရက်နေ့မှ ၂၂.၃.၂၀၂၅ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်ပးပြုလုပ်မည်ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားပိုမိုရရှိရန်ဆောင်ရွက်လျှက်ရှိပါသည်။ လျှပ်စစ်ဖြင့်စက်မှူလုပ်ငန်းဆောင်ရွက်သူမိဘပြည်သူများအနေဖြင့် စာမေးပွဲကာလအတွင်း၁၆.၃.၂၀၂၅ရက်နေ့မှစ၍ကျောင်းသား/ကေျာင်းသူများစာကြည့်ချိန် ညနေ ၁၈း၀၀နာရီမှနောက်တစ်နေ့နံနက် ၀၆း၀၀နာရီအထိနှင့် စာမေးပွဲဖြေဆိုချိန် နံနက် ၀၈း၃၀နာရီမှနေ့လည် ၁၂း၀၀နာရီအထိတို့အား လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်သုံးစွဲဝန်အားမမျှတပါက ဝန်အားလျော့ချရမှူများဖြစ်ပေါ်လာနိုင်ပါသဖြင့် အဆိုပါအချိန်များအတွင်း ဌာနမှဖြန့်ဖြူးသောလျှပ်စစ်ဖြင့် စီးပွားရေး/စက်မှူ လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြပါရန်မေတ္တာရပ်ခံထားကြောင်း သိရပါသည်။



