ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် လာမယ့် ဧပြီလမှစတင်ကာ မြန်မာနိုင်ငံရှိ လူဦးရေ တသန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကသတင်းထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေတဲ့ အချိန်မှာမှ အခုလို အထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်ပြီး ရန်ပုံငွေအသစ်မရရှိပါက WFP ဟာ ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြတဲ့ အသက်ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့ တိုက်မိခင်များနဲ့ မသန်စွမ်းသူများပါဝင်သော လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။



