မြန်မာလိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည်( ၂၀၂၅ - ၂၆ ) ဘောလုံးရာသီ မြန်မာလိဂ်ဝမ်းပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားရမည် ဖြစ်ကြောင်း သိရှိရပါသည်။မြန်မာလိဂ်ကော်မတီ၏ Rules & regulations အရမြန်မာလိဂ်တူးပြိုင်ပွဲမှ ရာမညအက်ဖ်စီတစ်သင်းသာ တန်းတက်လာခဲ့ခြင်းဖြစ်ပြီးမြန်မာလိဂ်ဝမ်းပြိုင်ပွဲမှ အမှတ်အနည်းဆုံးအသင်းဖြစ်သည့် မြဝတီအက်ဖ်စီ တစ်သင်းသာ တန်းဆင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။မြန်မာလိဂ်ဝမ်းပြိုင်ပွဲတွင် တန်းကျန်ရစ်ခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းဟာ ဘရာဇီးလူမျိုးနည်းပြချုပ်အပါအဝင် နိုင်ငံခြားကစားသမားများ
နှင့် ပြည်တွင်းကစားသမား ( ၈ ) ဦးအထိ ခေါ်ယူအားဖြည့် သွားမှာဖြစ်ပြီး MNL League Cup ပြိုင်ပွဲနှင့် လာမယ့် MNL League ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။



