ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မကျေးရွာ၊ နမ္မမြစ်ကမ်းဘေးတွင် ဒေသခံလူငယ်များမှ ပိုစတာများစိုက်ထူကာ လှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးယင်းလှုပ်ရှားမှုကို သီပေါမြို့နယ်ရှိ လူငယ်များက ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။



