back

တနင်္သာရီမြို့နယ်၊ ပဝနှင့် လယ်သစ်ကျေးရွာကို ကုန်စည်သယ်ခွင့်ပိတ်ပြီးနောက် ပဝနှင့် လယ်သစ်ရွာတွင် စားသုံးဆီအပါ မီးဖိုချောင်သုံးပစ္စည်းများဈေးတက်

Mar 14 • 11:47 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီမြို့နယ်၊ ပဝနှင့် လယ်သစ်ကျေးရွာကို ကုန်စည်သယ်ခွင့်ပိတ်ပြီးနောက် ပဝနှင့် လယ်သစ်ရွာတွင် စားသုံးဆီအပါ မီးဖိုချောင်သုံးပစ္စည်းများဈေးတက်

တနင်္သာရီမြို့နယ်၊ ပဝနှင့် လယ်သစ်ကျေးရွာကိုကုန်စည်သယ်ဆောင်ခွင့်ပိတ်ပင်ကန့်သတ်လိုက်သဖြင့် စားသုံးဆီ အပါအဝင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်သွားကြောင်း ဒေသခံမျာ...

တနင်္သာရီမြို့နယ်၊ ပဝနှင့် လယ်သစ်ကျေးရွာကိုကုန်စည်သယ်ဆောင်ခွင့်ပိတ်ပင်ကန့်သတ်လိုက်သဖြင့် စားသုံးဆီ အပါအဝင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ကားလမ်းမပိတ်မီက စားသုံးဆီတစ်ဘူးလျှင် ၈,၅၀၀ကျပ်သာ စျေးရှိရာက လက်ရှိတွင် ၁၁,၀၀၀ ကျပ်အထိ ဈေးတက်သွား ကြောင်း ဒေသခံများက ပြောဆိုသည်။ကားလမ်းပိတ်ပြီး သုံးရက်ခန့်အကြာတွင် စားသုံးဆီစျေး ထပ်တက်မည် သတင်းများထွက်ပေါ်သဖြင့် ရွာရှိကုန်စုံဆိုင် များတွင် အလုအယက်ဝယ်ယူကြရာ ပြတ်လုနီးပါးဖြစ်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ယခင်က ဆန်တစ်ပြည်လျှင် ၄,၅၀၀ ကျပ်သာ ရှိရာက လက်ရှိအချိန်တွင် ကျပ် ၅,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ကျပ်၆,၀၀၀အထိလည်းကောင်း၊ ဝက်သားတစ်ပိဿာလျှင် ၂၅,၀၀၀ ကျပ်မှ ကျပ် ၃၀,၀၀၀ အထိ ဈေးတက် သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။



news-view-count-icon

17