ယခုနှစ်ဆန်းပိုင်းမှစတင်ကာ အိမ်၊ခြေ၊မြေဈေးကွက်အတွင်း အငှားထက် ဝယ်/ရောင်းအလုပ်ပိုဖြစ်နေပြီး
ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ဒဂုံဆိပ်ကမ်းမြိုနယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့်တောင်ဥက္ကလာမြို့နယ်တို့တွင် အိမ်ခြံမြေ အရောင်းအဝယ်ဈေးမြင့်တက်လာပြီး၊ တာမွေ၊ ကျောက်မြောင်း၊ စမ်းချောင်း၊ ကမာရွတ်မြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် အငှားဈေးကွက်က ပိုဖြစ်နေတယ်လို့သိရပါသည်။လက်ရှိကာလ အိမ်ခြံမြေပေါက်ဈေးက ပြီးခဲ့တဲ့နှစ် ကာလတူ အိမ်ခြံမြေပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက မြို့နယ် အလိုက်ဈေးအမျိုးမျိုးရှိနေပြီး ယခင်နှစ်တွင် ပေ၄၀၊ပေ၆၀ ပတ်လည် မြေကွက်လွတ်တခုရဲ့တန်ဖိုးက သိန်း၈၀၀မှ သိန်း၃၀၀၀ ကျော်အတွင်းပေါက်ဈေးရှိခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ်သိန်း၁၀၀၀ကျော် မှ သိန်း၄၀၀၀ ကျော်အထိ ပေါက်ဈေးဖြစ်ပေါ် နေပြီး၊ယခင်က သိန်း ထောင်ဂဏန်းရှိတဲ့ အိမ်တစ်လုံးတန်ဖိုးက ယခုအခါမှာ သိန်း သောင်းဂဏန်းအထိ ဈေးခေါ်ရောင်းချမှုများရှိလာနေတယ်လို့သိရပါသည်။



