နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) ဒေသများတွင် မတ်လ (၁၄) ရက်မှ (၂၀) ရက်အတွင်း နေ့အပူချိန်များ ဆက်လက်မြင့်တက်လာနိုင်မည်ဟု ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်အရ သိရသည်။အဆိုပါ ဒေသများတွင် နေ့အပူချိန်များမှာ ၃၉°C နှင့် ၄၀°C အထက်အထိ ဆက်လက် မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ဦးဝင်းနိုင်က ခန့်မှန်းရေးသားထားသည်။ ထို့အတူ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန်း၊ မချမ်းဘော၊ ချီဖွေ၊ ဆွန်ပရာဘွမ်၊ ခေါင်လန်ဖူးအစရှိသည့် ဒေသများတွင်လည်း မိုးအနည်းငယ်မှ အသင့်အတင့် (15 mm to 30 mm - ဝ.၅၉ လက်မမှ ၁.၁၈ လက်မ)ခန့် အထိ ရွာသွန်းနိုင်ကြောင်းလည်း ဦးဝင်းနိုင်က ဆက်လက်၍ ခန့်မှန်းရေးသားထားသည်။



