နိုင်ငံတော်အစိုးရသည် တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများကို တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်လျက်ရှိရာ မြဝတီမြို့နယ်တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၄၅၀ ဦးကို မတ်လ ၁၃ ရက်နေ့တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။ ထို့အပြင် ထပ်မံစစ်ဆေးမှုများတွင် ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား ၂၇၀ ဦးကိုလည်း ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ယင်းလုပ်ငန်းစဉ်ကို သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။



