back

(၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား တောင်ကြီးတွင် ကျင်းပ

Mar 14 • 2:02 AM

breaking-news

မြန်မာ

ရှမ်း

cover

(၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား တောင်ကြီးတွင် ကျင်းပ

(၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် မတ်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြ...

(၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် မတ်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အလှူငွေများ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


news-view-count-icon

17