back

မြန်မာနိုင်ငံ မြေဆီဩဇာတိုးမြှင့်မှုတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)၏ အရေးပါမှု

Mar 13 • 1:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ မြေဆီဩဇာတိုးမြှင့်မှုတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)၏ အရေးပါမှု

မြေဆီဩဇာထက်သန်ရေး ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထည့်သွင်းပေးခြင်းသည် မြေဆီလွှာကို ကောင်းမွန်စေပြီး သီးနှံအထွက်နှုန်းကို တိုးတက်စေသည့်အပြင် ဓာတ်မြေဩဇာသုံးစွဲမှု...

မြေဆီဩဇာထက်သန်ရေး ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထည့်သွင်းပေးခြင်းသည် မြေဆီလွှာကို ကောင်းမွန်စေပြီး သီးနှံအထွက်နှုန်းကို တိုးတက်စေသည့်အပြင် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်သော သဘာဝမြေဩဇာတစ်မျိုးဖြစ်ကြောင်း၊ ပိုက်ဆံလျှော်ကို စိုက်ပျိုးပြီး ထယ်ထိုးမြှုပ်နှံခြင်းဖြင့် မြေဆီလွှာအတွင်း အာဟာရဓာတ်များ ကြွယ်ဝစေကာ မြေဆီလွှာတိုက်စားခံရမှုကို ကာကွယ်ပေးနိုင်ကြောင်း၊ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ သဲဆန်သောမြေနှင့် စေးသောမြေအတွက် ကောင်းမွန်ခြင်း၊ မြေကြီးအပူချိန်ကို ထိန်းညှိပေးခြင်း၊ ပိုးမွှားကျရောက်မှုကို တားဆီးပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်ကို လျှော်အဖြစ် ထုတ်လုပ်နိုင်သည့်အပြင် ကျွဲ၊နွားအစာအဖြစ်လည်း အသုံးပြုနိုင်ကြောင်း၊ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် မြေဆီလွှာကို ရေရှည်ထိန်းသိမ်းနိုင်ပြီး ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း ဖော်ပြထားသည်။


news-view-count-icon

22