back

ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) သို့ လာရောက်လည်ပတ်သည့် ဧည့်သည် နှစ်သန်းပြည့်မြောက်သည့်အတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်

Mar 13 • 1:25 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) သို့ လာရောက်လည်ပတ်သည့် ဧည့်သည် နှစ်သန်းပြည့်မြောက်သည့်အတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်

ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) သို့ လာရောက်လည်ပတ်သည့် ဧည့်သည် နှစ်သန်းပြည့်မြောက်သည့်အတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င...

ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) သို့ လာရောက်လည်ပတ်သည့် ဧည့်သည် နှစ်သန်းပြည့်မြောက်သည့်အတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းအပန်းဖြေစခန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြရာ ယခုအခါ ဧည့်သည်နှစ်သန်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သံဖြူဇရပ်မြို့နယ်မှ ဧည့်သည်အား တစ်နှစ်စာအခမဲ့ဝင်ရောက်ခွင့် (Gold Card) နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အဆိုပါဧည့်သည်နှင့်အတူ ပါရှိလာသည့် ၎င်း၏မိသားစုဝင်များအား အပန်းဖြေစခန်းနှင့် မှန်တံတားဝင်ခွင့်၊ Sky Cable Car စီးနင်းမှုနှင့် ဘာဂီစီးနင်းလည်ပတ်ခြင်းများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


news-view-count-icon

20