မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မတ်လ ၁၂ ရက်နေ့က မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ လှုပ်ရှားမှုအခမ်းအနားကို ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး သနပ်ခါး၏ သမိုင်းကြောင်း၊ အသုံးဝင်ပုံ၊ အရေးပါမှုနှင့် မွန်ပြည်နယ်အတွင်း ထင်ရှားသည့် သနပ်ခါးဓလေ့နှင့် ပွဲတော်များကို ဆွေးနွေးပြောကြားခဲ့သည်။ တက်ရောက်လာသူများသည် သနပ်ခါးလိမ်းခြယ်မှုများ ပြုလုပ်ခဲ့ကြသည်။



