စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် တို့သည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ (ရန်ကုန်) ကို ကျိုက္ကဆံကွင်းတွင် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်ဈေးကွက်ချဲ့ထွင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးမြှင့်ရေး အတွက် ပြပွဲကို အဆင့်မီစွာ ပြုလုပ်နိုင်ရန် လမ်းညွှန်သည်။ ထို့နောက် လှည်းကူးမြို့နယ်ရှိ ဆေးဝါးကုန်ကြမ်းစိုက်ကွင်း သို့သွားရာ နိုင်ငံတော်ပိုင်မြေများကို ထိရောက်အသုံးချရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်မှုများ အကြောင်း တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။



