back

ရှမ်းမြောက်က ကားသမားတွေဟာ မန္တလေးမြို့ကို အသွားအလာပုံမှန်လုပ်လို့ရပေမယ့် ခွင့်ပြုကုန်တွေကိုသာ သယ်ဆောင်ခွင့်ရတဲ့အပြင် လမ်းကြေးလည်း သိန်းဆယ်ချီအထိ ပေးနေရ

Mar 12 • 3:58 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းမြောက်က ကားသမားတွေဟာ မန္တလေးမြို့ကို အသွားအလာပုံမှန်လုပ်လို့ရပေမယ့် ခွင့်ပြုကုန်တွေကိုသာ သယ်ဆောင်ခွင့်ရတဲ့အပြင် လမ်းကြေးလည်း သိန်းဆယ်ချီအထိ ပေးနေရ

ရှမ်မြောက်မှ မြို့နယ်တချို့က ကားသမားတွေဟာ မန္တလေးမြို့ဘက်ကို ပုံမှန်သွားလာလို့ရနေပေမယ့် ခွင့်ပြုကုန်တွေသာ တင်ဆောင်ခွင့်ရသလို လမ်းကြေးတွေလည်း သိန်းဆယ်ချီအထိ ပေးန...

ရှမ်မြောက်မှ မြို့နယ်တချို့က ကားသမားတွေဟာ မန္တလေးမြို့ဘက်ကို ပုံမှန်သွားလာလို့ရနေပေမယ့် ခွင့်ပြုကုန်တွေသာ တင်ဆောင်ခွင့်ရသလို လမ်းကြေးတွေလည်း သိန်းဆယ်ချီအထိ ပေးနေရတယ်လို့ ကုန်ကားသမားတစ်ဦးထံမှ သိရပါသည်။ခွင့်ပြုကုန်တွေဖြစ်တဲ့ ကြက်စာ၊ ဝက်စာ၊ နောက်ချေးနဲ့ ကုန်စုံ စတာတွေကိုသာ သယ်ဆောင်လာခွင့်ပြုပြီး မန္တလေးမြို့ဘက်သို့ သယ်ဆောင်သွားတဲ့ လက်ဖက်တင်တဲ့ ကားတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ စစ်ဆေးရေးဂိတ်တိုင်းက စစ်ဆေးနေကြတဲ့အပြင် ကုန်ကားတစ်စီးကို ငွေကျပ် သိန်း ၂၀ နီးပါး ပေးပြီး ဖြတ်သန်းနေရတယ်လို့ သိရပါသည်။

ဒါ့အပြင် ရှမ်းမြောက် နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားမှာလည်း ရှမ်းမြောက်က ကုန်ကားအပြင် ခရီးသည်ကားအားလုံးကို ဆမ္မဆယ်ကွင်းလမ်းနဲ့ သုံးဆယ်ကွင်းလမ်းသာ သွားခိုင်းပြီး တစ်ရက်ကို ကားအစီးရေ (၁၅၀) သာ ပေးဖြတ်တာကြောင့် လမ်းမှာ တစ်ပတ်ကျော်ကြာ ကားတန်းနေရပြီး သောင်တင်နေကြရတယ်လို့ ကားသမားတွေရဲ့ပြောပြချက်အရ သိရပါသည်။



news-view-count-icon

19