မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် အတည်ပြုသတ်မှတ်ခံရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရိုးရာပွဲတော်တစ်ခုဖြစ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုလက်ဆင့်ကမ်းထိန်းသိမ်းခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုသင်္ကြန်ဆိုသည့်အတိုင်း ယဉ်ကျေးမှုနှင့်အညီကျင်းပသွားမည်ဖြစ်ရာ အားလုံးတက်ညီလက်ညီကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။



