ဦးနိုင်ဦးမြင့်(ခ)နိုင်မြန်မာ မကွယ်လွန်မီက ရေးသားခဲ့သော တေးသီချင်း များ၊ ကဗျာများ၊ ကလောင်အမည် အသုံးပြုခွင့်များနှင့် အနုပညာလက်ရာများ နှင့်ပတ်သက်၍ ကာကွယ်ထိန်းသိမ်းတန်ဖိုးထားသည့်အနေဖြင့် မိသားစု ကိုယ်စား စီမံဆုံးဖြတ်ပိုင်ခွင့်ရရှိထားသူဖြစ်သော ဦးနိုင်ဦးမြင့်(ခ) နိုင်မြန်မာ ၏သားဖြစ်သူ ဦးမင်းစိုးမြန်မာ(၁၂/ဥကမ(နိုင်)၂၆၄၁၀၃)၏ သိရှိသဘောတူ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ ဦးနိုင်ဦးမြင့်(ခ)နိုင်မြန်မာ၏ တေးသီချင်းများ၊ ကဗျာများ၊ ကလောင် အမည်အသုံးပြုခွင့်များကို မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ သုံးစွဲခြင်း မပြုလုပ်ရန် အသိပေးတားမြစ်ထားကြောင်း သိရပါသည်။



