ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲဝင် မြင်းစီးအားကစားသမားများကို ထိုင်းငံသို့ စေလွှတ်၍ စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲအတွင်း ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ (Endurance) မပါဝင်သည့်အတွက် Eventing နှင့် Show Jumping ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်အနေဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင်သာမက နိုင်ငံတကာတွင် ကျင်းပြုလုပ်နေသည့် မြင်းစီးတမ်းခုန်ပြိုင်ပွဲများသို့စေလွှတ်ယှဉ်ပြိုင်လျက်ရှိသည်။



