ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် အင်းလေးရေပေါ်သင်္ကြန် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။အင်းလေးကန်၏ သဘာဝအလှအပများနှင့် ဌာနေတိုင်းရင်းသားတို့၏ လှေကို တမူထူးခြားစွာခြေဖြင့် လှော်ခတ်ခြင်းစသည့် ဓလေ့စရိုက်များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအကြား ထင်ရှားကျော်ကြားခြင်း ဖြစ်သည်။ထို့ကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် အင်းလေးဖောင်တော်ဦး ဘုရားဖူးလာရောက်လည်ပတ်၍ အင်းလေးရေပေါ်သင်္ကြန်ကို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။



