back

တာချီလိတ်တွင် အသုပ်ထိုင်စားနေသော အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးနှင့် ငွေများ လုယူ

Mar 12 • 12:08 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်တွင် အသုပ်ထိုင်စားနေသော အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးနှင့် ငွေများ လုယူ

ရှမ်းပြည်နယ်(အရှေ့ပ်ိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၂)တွင် အသုပ်ထိုင်စားနေသော အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးနှင့် ငွေများ လုယူသွားသည့်ဖြစ်...

ရှမ်းပြည်နယ်(အရှေ့ပ်ိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၂)တွင် အသုပ်ထိုင်စားနေသော အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးနှင့် ငွေများ လုယူသွားသည့်ဖြစ်စဉ် မတ်လ ၁၂ ရက်နံနက် ၁၀ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။အခင်းဖြစ်ပွားသည့် နေရာသို့ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာ ရွှေဆွဲကြိုး(၁)ဘတ်သားခန့်နှင့် ပိုက်ဆံအိတ်အတွင်း ထည့်ထားသည့် ဘတ် ၁၅၀၀၀ ခန့်ကို လုယူသွားခဲ့ပြီး ၎င်းတို့ စီးနင်းလာသော မော်တော်ယာဉ်ဖြင့် ပါလျံ မီးပွိုင့်ဘက်သို့ မောင်းနှင်ထွက်သွားခဲ့ကြောင်း သိရှိရပါသည်။တရားခံများ ဖမ်းဆီး ရမိရေးအတွက် တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း တရားခံ ထွက်ပြေးနိုင် သည့် နေရာများနှင့် မြို့ဝင်/ထွက်ဂိတ်များတွင် ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သိရပါသည်။


news-view-count-icon

20