မြိတ်မြို့၊ ကမ်းနားလမ်းနှင့် ထားဝယ်ကမ်းရပ်တွင် မတ်လ ၁၁ရက် ညပိုင်းက ဆိုင်ကယ်တိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားလေးဦး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ကမ်းနားလမ်းတွင် ည ၉ နာရီဝန်းကျင်၌ ဆိုင်ကယ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကြောင်း ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။ညနေ ၆ နာရီဝန်းကျင်တွင်လည်း မြိတ်မြို့ ထားဝယ်ကမ်းရပ် မီးပွိုင့်တွင် ဆိုင်ကယ်တိုက်မှုတစ်ခုဖြစ်ခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကာ မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသေးကြောင်း သိရပါသည်။



