မြိတ်မြို့မှ တနင်္သာရီမြို့နယ်ဘက်သို့ သွားသည့် ကုန်ကားများသည် ကြေးနန်းတိုင်တံတားရှိ စစ်ဆေးဂိတ်ရောက်လျှင် ပစ္စည်းဘောင်ချာပြရပြီး မသင်္ကာသည့် ပစ္စည်းအထုပ်များကို ဖွင့်ဖောက်စစ်လေ့ရှိကြောင်း အဆိုပါလမ်းပိုင်းတွင် ကုန်ကားမောင်းနေသူတစ်ဦးက ပြောဆိုသည်။တနင်္သာရီမြို့နယ်ရှိ မော်တုန်း၊ လယ်သစ်၊ ပဝ၊ သရဖုံ၊ တကူ၊ သိန္ဓောရွာ စသည့် ကျေးရွာများကို ဆန်၊ ဆေးဝါး၊ သံချောင်း၊ မီးသီး၊ ဘော်စေ့၊ ကော်ရေပိုက်လုံး စသည့် ကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို ကန့်သတ်ထားသည်မှာ နှစ်ချီကြာလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။



