back

ရှင်ကိုးရှင်စာရင်းဝင် ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ကလိန်အောင် ရှင်ဆံတော်ဘုရားပွဲ ပြန်ကျင်းပ

Mar 12 • 10:43 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ရှင်ကိုးရှင်စာရင်းဝင် ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ကလိန်အောင် ရှင်ဆံတော်ဘုရားပွဲ ပြန်ကျင်းပ

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ရှင်ကိုးရှင် စာရင်းဝင် ရှင်ဆံတော်(ခ)ဆံတော်ရှင် ဘုရား၏ တပေါင်းလ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဇာတ်ပွဲထည့်သွင်း၍ ပြန်လ...


ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ရှင်ကိုးရှင် စာရင်းဝင် ရှင်ဆံတော်(ခ)ဆံတော်ရှင် ဘုရား၏ တပေါင်းလ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဇာတ်ပွဲထည့်သွင်း၍ ပြန်လည်ကျင်းပနေကြောင်း ဘုရားဂေါပကအဖွဲ့ထံကသိရသည်။ဘုရားပွဲကို တပေါင်းလဆန်း ၁၃ ရက်မှ တပေါင်းလပြည့်နေ့အထိ(မတ်လ ၁၁ ရက် မှ ၁၃ ရက်အထိ) သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး တပေါင်းလပြည့် နံနက်တွင် သံဃာအပါးငါးဆယ်ဖြင့် ဘုရားအနေကဇာတင်ခြင်း ၊ သစ်သီးဆွမ်းကပ်ခြင်း နှင့် ငွေဆွမ်းလောင်းခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ညစဥ် ၆ နာရီတွင် ဂိတ်ပိတ်လေ့ရှိသည့် ကလိန်အောင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဘုရားပွဲတော်ရက်အတွင်း ည ၁၂ နာရီအထိ ဖွင့်ပေးထားကြောင်း မြို့ခံများထံမှသိရသည်။



news-view-count-icon

13