စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာ မုနိဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် မြန်မာ့ရိုးရာလှေလှော်အားကစားပြိုင်ပွဲကို ထည့်သွင်းကျင်းပရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က ပြုလုပ်ခဲ့ပြီး အုပ်စုပွဲစဉ်အဖြစ် ရောင်နီအသင်းနှင့် ဗိုလ်အောင်ဒင်အသင်း၊ ဇင်ယော်အသင်းနှင့် အောင်မင်းအသင်း၊ မိုးကြိုးမုန်တိုင်းအသင်းနှင့် ဂန္တဝင်အသင်းတို့က ယှဉ်ပြိုင်လှော်ခတ်ခဲ့ကြပြီး စုစုပေါင်း ပြိုင်ပွဲဝင် ၁၃သင်းတို့အား အုပ်စုအလိုက်ယှဉ်ပြိုင်စေကာ ပထမ၊ ဒုတိယ၊ တတိယဆုတို့ ကို ချီးမြှင့်မည်ဖြစ်ကြောင်း၊ ဆုများကို ၂၃-၃-၂၀၂၅ ရက်နေ့တွင် ချီးမြှင့်မည်ဖြစ်ရာ ပထမဆုအတွက် ဆုငွေကျပ် ၁၀သိန်း၊ ဒုတိယဆုအတွက် ဆုငွေကျပ် ၇သိန်း၊ တတိယဆုအတွက် ဆုငွေကျပ် ၅သိန်း အသီးသီးချီးမြှင့်မည်ဖြစ်ကြောင်း ပိုးစာကုန်းကျေးရွာ၊ လှေလှော်အားကစားဖြစ်မြောက်ရေးကော်မ တီထံမှ သိရသည်။



