စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံသီးနှံစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးဖြစ်ပြီးအဆိုပါ ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်း မျိုးများစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။



