လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ဦးစီးမှူးရုံး မြို့နယ်အဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့ညနေပိုင်းအချိန်က ရွှေဘိုခရိုင်မီးသတ်ရုံးခန်းမတွင် ကျင်းပကြောင်းသိရသည်။အဆိုပါသင်တန်းကို ၁၀-၃-၂၀၂၅ ရက်နေ့မှ ၁၂-၃- ၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ(၃၀)ဦးတက်ရောက်ကာ၊ သင်တန်းနည်းပြများက စာတွေ့၊လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရပါသညိ။



