back

ရန်ကုန်မြို့တွင် လုပ်ခလစာတိုးပေးဖို့ဆန္ဒပြတဲ့ Myanmar GiGi Leather ပိုက်ဆံအိတ်စက်ရုံက အလုပ်သမားတွေနဲ့အလုပ်ရှင်တို့ ပြေလည်မှုရရှိ

Mar 12 • 10:34 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် လုပ်ခလစာတိုးပေးဖို့ဆန္ဒပြတဲ့ Myanmar GiGi Leather ပိုက်ဆံအိတ်စက်ရုံက အလုပ်သမားတွေနဲ့အလုပ်ရှင်တို့ ပြေလည်မှုရရှိ

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ပုလဲလမ်းရှိ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ အလုပ်သမား ၂ထောင်ခန့်နဲ့လည်ပတ်နေ Myanmar GiGi Leather ပိုက်ဆံအိတ်စက်ရုံက အလုပ်သ...



ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ပုလဲလမ်းရှိ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ အလုပ်သမား ၂ထောင်ခန့်နဲ့လည်ပတ်နေ Myanmar GiGi Leather ပိုက်ဆံအိတ်စက်ရုံက အလုပ်သမားတွေသည် ထောက်ပံ့ကြေးနဲ့ဒေးကြေးအပါ ၇၈၀၀ ကျပ် အချိန်ပိုကြေး ၁၇၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၂ သောင်းဖြင့် လုပ်ကိုင်နေတာဖြစ်ပြီးအခြားစက်ရုံတွေက တစ်နေ့လုပ်ခတိုးမြင့်ပေးလို့ စက်ရုံမှာလည်းဒေးကြေး တစ်သောင်းကျပ် အချိန်ပိုကြေး ၂ထောင်နဲ့ ရက်မှန်ကြေး ၄သောင်း ပေးဖို့ WCC မှတစ်ဆင့် အလုပ်ရှင်ထံသို့ တောင်းဆိုခဲ့ကြပေမဲ့လည်း အချိန်ဆွဲနေတာတွေကြောင့် အလုပ်သမား ၂ထောင်ခန့်က မတ်လ ၁၀ ရက်နဲ့ ၁၁ရက်နေ့တွေမှာ စက်ရုံတွင်း မီးပိတ်ဆန္ဒပြတောင်းဆိုမှုကို ပြုလုပ်ခဲ့ပြီးအလုပ်ရှင်အလုပ်သမားနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ ညှိနှိုင်းချက်အရ ထောက်ပံ့ကြေးအပါ ဒေးကြေး ၈၈၀၀ကျပ် ၊ တစ်နာရီအိုတီ ၂ထောင်ကျပ်နဲ့ ရက်မှန်ကြေး ၃သောင်းကျပ်ဖြင့် အလုပ်သမားတွေလက်ခံကာ မတ်လ ၁၁ရက်ညနေပိုင်းက ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါသည်။


news-view-count-icon

14