back

တာချီလိတ် ရပ်ကွက်ရုံးအနီး အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ

Mar 12 • 7:19 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ် ရပ်ကွက်ရုံးအနီး အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ရပ်ကွက်ရုံးအနီး ခေါက်ဆွဲဆိုင်တွင် မတ်လ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရသည်။ Crown အမျိုးအစားကားဖြင့...

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ရပ်ကွက်ရုံးအနီး ခေါက်ဆွဲဆိုင်တွင် မတ်လ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရသည်။ Crown အမျိုးအစားကားဖြင့် ရောက်လာသည့် အမျိုးသား ၄ ဦးအနက် ၂ ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ အမျိုးသမီးထံမှ ရွှေဆွဲကြိုး၊ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို လုယက်သွားကြောင်း ဒေသခံများက ပြောသည်။ ဓားပြတိုက်ခံရသည့်နေရာသည် လူစည်ကားသည့်နေရာဖြစ်ပြီး မနက်ပိုင်းဖြစ်သည့်အတွက် လုယက်သူများမှာ အတင့်ရဲလွန်းသည်ဟု ဒေသခံများက ဝေဖန်ကြသည်။


news-view-count-icon

23