ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့ တွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော် ကို ဖေဖော်ဝါရီ ၂၇ မှ မတ် ၁၁ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံအနှံ့မှ ဘုရားဖူး (၅၆၀၀၀) ကျော် လာရောက်ခဲ့ကြောင်း သိရသည်။ပွဲတော်အတွင်း ဥုပုသ်သတင်း သီလဆောက်တည်ခြင်း၊ ပရိတ်/ပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူခြင်း စသည့် ဗုဒ္ဓပူဇနိယအခမ်းအနားများပြုလုပ်ခဲ့ကြပြီး၊ ပင်လယ်ကမ်းခြေသဘာဝအလှကြည့်ရှုခြင်း၊ ကျောက်ကလပ်သို့ သွားရောက်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း စသည့် လည်ပတ်မှုများလည်း စည်ကားခဲ့သည်။ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်များ ပြည့်သွားသောအထိ လူသုံးသွားခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့တွင် မြတ်မော်တင်စွန်းစေတီတော်ဗုဒ္ဓပူဇနိယပွဲသို့ ဘုရားဖူး (၅၆၀၀၀) ကျော်လာရောက်
Mar 12 • 7:14 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 17 | 0 | 0 | 0 |


