back

နေပြည်တော်၌ တောမီးလောင်မှု ၄ ကြိမ်ထပ်မံဖြစ်ပွား

Mar 12 • 7:12 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၌ တောမီးလောင်မှု ၄ ကြိမ်ထပ်မံဖြစ်ပွား

နေပြည်တော်မှာ မတ်လ ၁၁ရက်နေ့က တောမီးလောင်မှု ၄ကြိမ်ထပ်မံဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊နေပြည်တော် ဥတ္တရသီရိမြို့နယ်...

နေပြည်တော်မှာ မတ်လ ၁၁ရက်နေ့က တောမီးလောင်မှု ၄ကြိမ်ထပ်မံဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊

နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ဇမ္ဗူသီရိမြို့နယ်တွေမှာ ၂ကြိမ်စီ တောမီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်၊၊တောမီးလောင်မှုဖြစ်တဲ့နေရာတွေကို သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊ဒါ့အပြင် မတ်လ ၁၀ရက်နေ့ကလည်း ဥတ္တရသီရိမြို့နယ်မှာ ၅ကြိမ်၊ ပုဗ္ဗသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ၁ကြိမ်၊ ရန်အောင်မြင်ဆည်အနီးမှာ ၁ကြိမ် စုစုပေါင်း ၈ကြိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်၊၊

news-view-count-icon

14