back

ပြည်ပတင်ပို့မှုများလာ၍ ပြည်တွင်းဆိတ်စျေးမြင့်တက်နေ

Mar 12 • 7:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပတင်ပို့မှုများလာ၍ ပြည်တွင်းဆိတ်စျေးမြင့်တက်နေ

လတ်တလောမှာ ဆိတ်တွေကို ပြည်ပကိုတင်ပိုမှုတွေများလာတာကြောင့် ဆိတ်စျေးမြင့်တက်နေတယ်လို့ မွေးမြူ ရေးလုပ်ကိုင်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မိုးရာသီက ဆိတ်တစ်ကောင်ကို...

လတ်တလောမှာ ဆိတ်တွေကို ပြည်ပကိုတင်ပိုမှုတွေများလာတာကြောင့် ဆိတ်စျေးမြင့်တက်နေတယ်လို့ မွေးမြူ ရေးလုပ်ကိုင်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မိုးရာသီက ဆိတ်တစ်ကောင်ကိုငါးသောင်းဝန်းကျင်စျေးရှိ ခဲ့ရာကနေ လက်ရှိမှာတော့ ဆိတ်တစ်ကောင်ကိုကျပ်နှစ်သိန်းလောက်အထိရှိနေတယ်လို့ဆိုပါတယ်။နိုင်ငံခြားတင်ပိူမှုတွေရှိနေတဲ့အတွက် ဆိတ်စျေးကောင်းနေပြီး အုပ်လိုက်အပြတ်လာဝယ်ကြတာတွေရှိနေတယ်လို့ မကွေးမြို့နယ်အင်းကုန်းကျေးရွာက ဆိတ်မွေးမြူရေးလုပ်ကိုင်သူ ဦးလှဌေးကပြောပါတယ်။ ဆိတ်ကပူတဲ့ရာသီကို မကြောက်တာကြောင့် အခုကာလဟာ ဆိတ်မွေးမြူရေးလုပ်ကိုင်မယ်ဆို အကောင်းဆုံး အချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာစျေးကွက်ကောင်းနေသလို ပြည်ပတင်ပိုမှုတွေများတာကြောင့် စျေးကောင်းရရှိနေတာ ဖြစ်တယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေကသုံးသပ်ပြောဆိုကြပါတယ်။

news-view-count-icon

24