back

ယခုပြည်တွင်း ပညာသင်နှစ်တွင် အထက်တန်းအဆင့် ‌ကျောင်းသားများ ကျောင်းသုံးစာအုပ်များ ပြန်လည်အပ်နှံရမည်

Mar 12 • 7:05 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ယခုပြည်တွင်း ပညာသင်နှစ်တွင် အထက်တန်းအဆင့် ‌ကျောင်းသားများ ကျောင်းသုံးစာအုပ်များ ပြန်လည်အပ်နှံရမည်

ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့် ‌ကျောင်းသားများ ကျောင်းသုံးစာအုပ်များ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း ပညာရေးဌာနက ညွှန်ကြားထားသည်ဟု သိရသည်။အခြေခံပညာ အထက်တန်းအဆင့်မျ...

ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့် ‌ကျောင်းသားများ ကျောင်းသုံးစာအုပ်များ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း ပညာရေးဌာနက ညွှန်ကြားထားသည်ဟု သိရသည်။အခြေခံပညာ အထက်တန်းအဆင့်များဖြစ်သည့် Grade-10၊ Grade-11၊ Grade-12 ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းသုံးဖတ်စာအုပ်များကို ပြန်သိမ်းပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ လက်ဆင့်ကမ်းစနစ် စတင်ကျင့်သုံးသွားမည်ဖြစ်သောကြောင့် စာမေးပွဲ နောက်ဆုံးနေ့တွင် စာအုပ်များ ကို ပြန်လည်အပ်နှံရမည်ဖြစ်သည်။ ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ထုတ်ဝေရာတွင် အခက်အခဲရှိခြင်းနှင့် ပညာရေးဘတ်ဂျတ်ကို လျှော့ချရန် ရည်ရွယ်၍ ယခုကဲ့သို့ ကျောင်းသုံးဖတ်စာအုပ်များ ပြန်လည်အပ်နှံစေခြင်းဖြစ်သည်ဟု သိရသည်။


news-view-count-icon

27