မြန်မာနိုင်ငံအတွင်း ဆိုလာတွေတပ်ဆင်ခြင်းက တွက်ခြေကိုက်တာကြောင့် သက်ဆိုင်ရာ ကုမ္ပဏီ တွေနဲ့လုပ်ငန်းရှင် တွေကို တာဝန်ရှိသူတွေကတိုက်တွန်းကြဖို့ဆိုပါတယ်။မတ်လ ၁၂ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ် အစည်းအဝေးမှာ အမှာစကားပြောကြားရင်း ဆိုလာမီးနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခဲ့တာဘဲဖြစ်ပါတယ်။သီလဝါစီးပွားရေးဇုံမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆိုလာပလန်တွေဆောက်လုပ်ဖို့ လိုက်ပါဆောင်ရွက်ကြလို့ ဆိုလာတပ်ဆင်ပြီးစီးပါက ၁၆ မဂ္ဂါဝပ်ကျော် နီးပါး ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။



