မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားပွဲတော်သည် တပေါင်းလပြည့်မှ ၁၀ ရက်တိုင် ကျင်းပရာ ယခုနှစ်တွင် (၇၇) ကြိမ်မြောက်ဖြစ်ပြီး ပွဲမတိုင်ခင်ကတည်းက ဘုရားဖူးများ၊ ဈေးသည်များဖြင့် စည်ကားလျက်ရှိသည်။ ဒေသခံများ၏ ယုံကြည်မှုအရ ဘုရားပွဲကာလတွင် ငါးကြီးများလည်း လာရောက်ဖူးမြော်လေ့ရှိပြီး ဘုရားဖူးများက အစာကျွေးခြင်း၊ ရွှေချခြင်းများ ပြုလုပ်ကြသည်။ ရှမ်းဈေးတန်း၊ ငါးဘေးမဲ့လွှတ်ခြင်း၊ သိုက်နန်းရှင် ရှမ်းမိဖုရား စောမွန်လှအား ပူဇော်ခြင်းနှင့် နားဋောင်းကျချောင်းမှ သိုက်နန်းသို့ ရေလမ်းဖြင့် သွားရောက်ပူဇော်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ယခင်နှစ်များကထက် စက်လှေခများ ခြောက်ဆခန့် မြင့်တက်လာသော်လည်း ဘုရားဖူးသူများ၊ ရေကစားသူများ၊ စက်လှေစီးသူများဖြင့် အထူးစည်ကားလျက်ရှိသည်။



