အွန်လိုင်းငွေလိ-မ်လည်မှု(ကျားဖြန့်) လုပ်ငန်းများ၌ ပါဝင်ရန် ရည်ရွယ်ကာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား (၅၄၄၆)ဦးကို ထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ယင်းအရေအတွက်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၃၀) ရက်မှ မတ် (၁၁)ရက်အထိ ထိမ်းသိန်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ယင်းတို့အနက်မှ (၂၇၆၃) ဦးကို ထိုင်းနိုင်ငံမှတဆင့်သက်ဆိုင်ရာ နိုင်ငံများကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၂၆၈၃)ဦးကို သက်ဆိုင်ရာနိုင်ငံများကို လွှဲပြောင်းပေးရန် အသင့်ဖြစ်နေကြောင်းလည်း သိရသည်။



