မြန်မာလိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းဟာယခု၂၀၂၅ခုနှစ်အတွင်းယှဉ်ပြိုင်သွားရမယ့် MNL League Cup ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများအတွက် ကြိုတင် ပြင်ဆင်မှုအနေဖြင့် ဘရာဇီးလူမျိုး နည်းပြချုပ် Ricardo Rocha ကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပါတယ် ။ဘရာဇီးနည်းပြ ရိုချာဟာ တောင်အမေရိက ၊ ဥရောပ ၊ အာဖရိကဘောလုံးရပ်ဝန်းများတွင် ကျင်လည်ခဲ့ပြီး ( ၂၀၂၃ ) ခုနှစ်တွင် ဘိုလီးဗီးယားအသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူအဖြစ်ဘိုလီးဗီးယား လူငယ်အသင်းများကို တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။



