back

မန္တလေး ကိုယ်ပိုင်ကျောင်းများ နွေရာသီသင်တန်းကြေး ပြန်အမ်းမှုတွေရှိလာ

Mar 12 • 1:52 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး ကိုယ်ပိုင်ကျောင်းများ နွေရာသီသင်တန်းကြေး ပြန်အမ်းမှုတွေရှိလာ

မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းအများစုသည် မတ်လ ၁၀ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသော နွေရာသီသင်တန်းများ မဖွင့်လှစ်နိုင်တော့သဖြင့် ကြိုတင်ကောက်ခံထားသည့် သင်တန်းကြေ...

မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းအများစုသည် မတ်လ ၁၀ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသော နွေရာသီသင်တန်းများ မဖွင့်လှစ်နိုင်တော့သဖြင့် ကြိုတင်ကောက်ခံထားသည့် သင်တန်းကြေးများကို ပြန်လည်ပေးအပ်လျက်ရှိကြောင်း ဒေသခံ ကျောင်းသားမိဘများက ပြောကြားသည်။ နွေရာသီသင်တန်းများကိုသာ ရပ်နားရမည်ဖြစ်ပြီး ပုံမှန်သင်တန်းများကို ဆက်လက်ဖွင့်လှစ်ခွင့်ရှိကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။ မန္တလေးတိုင်းအတွင်းတွင် အခြေခံပညာ မူလတန်းမှ အထက်တန်းအဆင့်အထိ ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၀၀ ဝန်းကျင်ရှိသည်။


news-view-count-icon

26