ရာသီဥတုပူပြင်းလာခြင်းကြောင့် ရွှေရင်အေး၊ ဇီးဖျော်ရည်၊ မန်းကျည်ဖျော်ရည်၊ ဘာလီ၊ သစ်ခွစသည့် အအေးမျိုးစုံနှင့် အအေးဓာတ်ပါသည့်အစားအစာများ ရောင်းအားကောင်းလာပြီး ယခင်နှစ်ကထက် ဈေးနှုန်းများ နှစ်ဆနီးပါး မြင့်တက်လာကြောင်း ရန်ကုန်မြို့မှ အအေးဆိုင်ဖွင့်လှစ်ရောင်းချနေသူများနှင့် ပြည်သူများထံမှ သိရသည်။



