လူငယ်တွေကြားမှာ ပန်းစည်းလက်ဆောင်ပေးတဲ့ ဓလေ့ခေတ်စားလာတာကြောင့် ပန်းစည်းအလှဆင်လုပ်ငန်းတွေ အလုပ်ဖြစ်လာပါတယ်။ အရင်က အလှဆင်ပန်းစည်းဆိုင်တွေ နည်းပေမယ့် အခုနောက်ပိုင်း လူငယ်တွေကြားမှာ Surprise လက်ဆောင်ပေးတာတွေ ခေတ်စားလာတာကြောင့် ပန်းစည်းအလှဆင်သူတွေ များလာပြီး ဈေးနှုန်းသင့်တင့်တာကြောင့် အော်ဒါတွေလည်း များလာပါတယ်။ ပန်းစည်းအပြင် ပိုက်ဆံ၊ ဆေးလိပ်၊ ဘီယာ၊ အလှကုန်ပစ္စည်းတွေကိုလည်း ပန်းစည်းပုံစံအလှဆင်ပေးကြပါတယ်။ ပန်းစည်းလက်ဆောင်ပေးခြင်းဟာ ချစ်ခြင်းမေတ္တာ၊ အမှတ်တရတွေကို ဖော်ပြတဲ့အတွက် လူငယ်တွေကြားမှာ ခေတ်စားလာတာပါ။



