back

ONE 172 ပြိုင်ပွဲကြီးကိုမတ်လ၁၄ရက်မှာတာကေးရုနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည့် ရော့ထန်း

Mar 11 • 4:40 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ONE 172 ပြိုင်ပွဲကြီးကိုမတ်လ၁၄ရက်မှာတာကေးရုနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည့် ရော့ထန်း

ဂျပန်မှာ အခမ်းနားဆုံး ပုံစံနဲ့ သမိုင်းတွင်အောင် ကျင်းပမယ့် ONE 172 ပြိုင်ပွဲကြီး ရောက်ဖို့ ၁ ပတ်ကျော် ဝန်းကျင်ပဲ လိုပြီးမတ်လ၁၄ရက်နေ့မှာ တာကေးရု နဲ့ ခေါင်ပွဲ ထို...

ဂျပန်မှာ အခမ်းနားဆုံး ပုံစံနဲ့ သမိုင်းတွင်အောင် ကျင်းပမယ့် ONE 172 ပြိုင်ပွဲကြီး ရောက်ဖို့ ၁ ပတ်ကျော် ဝန်းကျင်ပဲ လိုပြီးမတ်လ၁၄ရက်နေ့မှာ တာကေးရု နဲ့ ခေါင်ပွဲ ထိုးမယ့် ရော့ထန်း ဟာ မနေ့က ထိုင်း မီဒီယာတွေနဲ့ တွေ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲတွင်မီဒီယာတွေကလဲ ဝိတ်ကျော်ခဲ့တဲ့ ကိစ္စကိုပဲ ဆက်တိုက် အသားပေး မေးခွန်းထုတ်ကြတာဖြစ်ပြီးမေးခွန်းတွေ ပြန်ဖြေတဲ့ နေရာမှာ ရော့ထန်း တစ်ယောက်ထဲ မဟုတ်ဘဲ လက်ရှိမှာ သူ့ရဲ့ အစားသောက်ပိုင်းကို တာဝန်ယူ ကြီးကြပ်ပေးနေတဲ့ Combat Sports Nutritionist - Peter Miller လဲ ပါဝင်ခဲ့ပါတယ်။ ရော့ထန်း ကတော့ လက်ရှိမှာ "အကြော်လှော်တွေ နဲ့ ရေခဲမုန့်" မစားတာ ၂ လ တောင် ရှိပြီလို့ ဆိုပါတယ်။ ပြီးတော့ သူ့ရဲ့ လက်ရှိ ဘော်ဒီဝိတ် အနေထားက ၆၅ ကီလို လို့လဲ ပြောပါတယ်။ ဒါ့ကြောင့် ရော့ထန်း က ဒီတစ်ခါ ဝိတ်တန်းအတွင်း သေချာပေါက် ဝင်ရမယ် ဆိုတဲ့ စကားလုံးကို ရဲရဲကြီး အာမခံ တစ်သွင်သွင် သုံးနေကာပရိသတ်တွေ စိတ်ဒုန်းဒုန်းချထားလို့ ရတယ်လို့ ဆက်တိုက် ပြောပါတယ်။



news-view-count-icon

22